Mekong Region Land Governance Project

Chinese Investment into Tissue-Culture Banana Plantations in Kachin State, Myanmar (Burmese)

Chinese Investment into Tissue-Culture Banana Plantations in Kachin State, Myanmar (Burmese)
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကချင်ပြည်နယ် တစ်သျှူး ငှက်ပျောစိုက်ခင်းများတွင် ရင်းနှီးမြှုပ်နှံ မှု ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်းတွင် မြန်မာနိုင်ငံကချင်ပြည်နယ်ကို နယ်စပ်ဖြတ်ကျော်သည့် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဦးဆောင်သော တစ်ရှူးငှက်ပျောစိုက်ခင်းများ ရုတ်တရက် အလုံးအရင်းနှင့်တိုးပွါးလာလာသော နေရာအဖြစ် တွေ့ရှိရသည်။ ဤြဖစ်ရပ်လေ့လာမှုသည် ကွင်းဆင်းဆောင်ရွက်သော သုတေသနများနှင့် လူသူမရွေး သိရှိရသော ထုတ်လုပ်မှု အတိုင်းအတာနှင့် ၎င်း၏စီးပွားရေး၊ လူမှုရေး နှင့်သဘာဝ ပတ်ဝန်းကျင်များ အပေါ်သက်ရောက်သည့် အကျိုးဆက်များအကြောင်းကို စုစည်းပေးထားသည်။ ဤလေ့လာမှုသည် ရင်းနှီးမြုပ်နှံမှုပုံစံနှင့် ကချင်ပြည်နယ်ရှိ အဓိကလုပ်ဆောင်နေသူများ မြေယာရယူမှုနည်းလမ်းများ၊ နေရာအနှံ့မြင်ရသော ရလဒ်များကို အသေးစိတ်လျှပ်တပြက်ပုံဖော် တင်ပြထားခြင်း ဖြစ်ပါသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံအစိုးရသတင်းရင်းမြစ်များအရ မြေယာများကို ငှက်ပျောစိုက်ခင်းများသို့ ပြောင်းလဲမှုသည် ယခုလက်ရှိနှစ်များအတွင်း သိသိသာသာမြင့်တက် လာခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကချင်ပြည်နယ်၌ ခန့်မှန်းခြေဟက်တာ ၁၇၀၀၀၀ခန့်ရှိလာပြီ ဖြစ်သည်။ ထိုနှစ်မှာပင် တရုတ်ပြည်သို့ တရားဝင်တင်ပို့သောကိန်းဂဏန်းများသည် တန်ချိန် ၇၃၄၀၀၀နီးပါးသို့ ရောက်ရှိခဲ့သည်။ လျင်မြန်စွာချဲ့ထွင်စိုက်ပျိုးရခြင်းနှင့် မြေယာများအလျင်စလိုရယူရခြင်းများ ဖြစ်ပေါ်လာရခြင်းသည် အချိန်တိုတစ်ခုအတွင်း ငှက်ပျောစိုက်ပျိုးခြင်းမှ ပြန်ရနိုင်မည့် အကျိုးအမြတ် မြင့်မားမှုကြောင့် ဖြ စ်ပါသည်။ ဤရည်ရွယ်ချက်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် မြေယာ ရယူရန် နိုင်ငံတော်အစိုးရ၊ စစ်တပ်၊ ပြည်သူ့စစ်အဖွဲ့များနှင့် ချိတ်ဆက်ကာ ရှုပ်ထွေးသည့် စီးပွားရေး ကွန်ရက်များကို တည်ထောင်ခဲ့သည်။ ငှက်ပျောစိုက်ခင်းများကို အများအားဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများ နှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ထားရစ်ခဲ့ရသည့် မြေများအပါအ၀င် မြေယာအခွင့်အရေးများ ငြင်းခုံရသော နေရာများတွင် စီစဉ်လုပ်ဆောင်ကြသည်။ အခကြေးငွေများကို တရားဝင်ပေးဆောင်ရခြင်းမှစ၍ အလွတ်သဘောပေးရခြင်းများကို ကျင့်သုံးကြနေသော်လည်း တင်ပို့ရောင်းချသူအများတို့သည် ၎င်းတို့လည်ပတ်နေသော မမြင်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်၏အကာအကွယ်အောက်တွင် တရားဝင် အခွန်ဆောင်မှုများကို ရှောင်ရှားနိုင်သော နည်းလမ်းများ အသံုးချလျက်ရှိသည်။ ငှက်ပျောစိုက်ခင်းနှင့် အနီးဝန်းကျင်များတွင် ဖြစ်‌ပေါ်သောလူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအခွင့်အရေးများ ပြဿနာတို့နှင့် ပတ်သက်၍ ကျယ်ပြန့်လာေသာ စိုးရိမ်မှုများ နှင့် အငြင်းအခုံဖြစ်စရာ ကိစ္စများအား တုံ့ပြန်သည့်အနေနှင့် ကချင်ပြည်နယ်အစိုးရသည် ငှက်ပျော စိုက်ခင်းရင်းနှီးမြှုပ်နှံမှုများနှင့် မလိုလားအပ်သော ရလဒ်များကို ပိုမိုထိထိရောက်ရောက် စီမံခန့်ခွဲ နိုင်ရေးအတွက် ဥပဒေရေးဆွဲရန်စတင်ခဲ့သည်။ ဤအစီရင်ခံစာသည် ရေတိုနှင့်ကာလလတ်အတွင်းရှိ စီးပွားရေးကို စည်းမျဉ်း ည်းကမ်း ပိုမိုကောင်းမွန်စွာ ထိန်းညှိနိုင်ရန် အကြံပြုချက်များကိုပေးသည်။ ဤလေ့လာမှုကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ထုတ်ဝေခဲ့ကြောင်း နှင့် COVID ကပ်ရောဂါမတိုင်မီ ငှက်ပျောစိုက်ခင်းများ၏အခြေအနေ နှင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်သက်ရောက်မှု ရှိနိုင်သော လက်ရှိနိုင်ငံရေး အကျပ်အတည်းကို သိစေအပ်ပါသည်။

Sign up for the MRLG newsletter here:

Funded by:

Implemented by:

LEI New Logo

Supported by:

All rights reserved 2022.