Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

ကမ္ဘောဒီးယား

ကမ္ဘောဒီးယား၏ MRLG စီမံကိန်းတွင် အဓိကလုပ်ငန်းစဉ် နှစ်ခုကို အလေးထားဆောင်ရွက်လျက်ရှိပြီး ဓလေ့ ထုံးတမ်းလုပ်ပိုင်ခွင့်(CT) နှင့် တာဝန်သိစိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု (RAI) ဟူ၍ဖြစ်သည်။

ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်(CT)လုပ်ငန်းစဉ်အောက်တွင် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်မှတ်တမ်းတင်ခြင်းနှင့် အရင်းအမြစ်အသုံးပြုမှုမြေပုံရေးဆွဲခြင်းနည်းနာများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ NGOs များ၊ ရပ်ရွာ လူထု သဘာဝထိန်းသိမ်းရေးနယ်မြေများ(Community Protected Areas)နှင့်အလုပ်လုပ်သည့် CSOs များ၊ ဌာနေတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည်။ ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့် (CT) လုပ်ငန်းစဉ်သည် အဆိုပါရပ်ရွာလူထုများ ကို အရေးပါသည့်လုပ်ငန်းစဉ်များတွင်တက်ကြွစွာပါဝင်နိုင်ရန် စွမ်းရည်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ဥပမာအား ဖြင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင်ဇုန်သတ်မှတ်ခြင်း၊ နိုင်ငံတော် မြေယာမှတ်ပုံတင်ခြင်း၊ REDD+ စီမံကိန်း များ၏ ဒီဇိုင်း၊ ရပ်ရွာလူထုသဘာဝထိန်းသိမ်းရေးနယ်မြေ CPA ဆိုင်ရာလုပ်ငန်းများ၊ ဒေသတွင်းအရင်းအမြစ် စီမံ ခန့်ခွဲရေးနှင့် ဒေသတွင်းပဋိပက္ခဖြေရှင်းရေး စသည်တို့ဖြစ်သည်။

CT လုပ်ငန်းစဉ်သည် စီးပွားရေးအခွင့်အလမ်းများဖော်ထုတ်ရန် (CPA) စီမံခန့်ခွဲမှုအစီအစဉ်ကို ပံ့ပိုးပေးကာ ပုဂ္ဂလိ က ကဏ္ဍနှင့်ချိတ်ဆက်ခြင်းလည်းအပါအဝင်ဖြစ်ပြီး တပြိုင်နက်တည်းတွင် ရပ်ရွာလူထုအတွက် သာတူညီမျှပီး ပွင့်လင်းမြင်သာမှုရှိသော REDD+ အကာအကွယ်ပေးရေးနှင့် အကျိုးကျေးဇူးမျှဝေခံစားခြင်းလုပ်ငန်းစဉ်များလည်း တည်ရှိလာရန် ဖြစ်သည်။

MRLG သည် CPA လမ်းညွှန်ကို ပြန်လည်လေ့လာသုံးသပ်ခြင်း၊ CT မှတ်တမ်းတင်ခြင်းလမ်းညွှန်နှင့် REDD+ အကျိုးကျေးဇူးမျှဝေခြင်းလုပ်ငန်းစဉ်တို့အပေါ် အဓိကအလေးထားပြီး သက်ဆိုင်ရာ နည်းဥပဒေများထွက်ပေါ် လာရေးနှင့်ပြန်လည်သုံးသပ်ရေးကိုလည်း ပံ့ပိုးကူညီလျက်ရှိသည်။ စီမံကိန်းသည် CPA ခေါင်းဆောင်များဖြစ်သည့် အမျိုးသားများနှင့်အမျိုးသမီးများ၊ ဌာနေတိုင်းရင်းသားများအတွက် စွမ်းဆောင်ရည်တည်ဆောက်ပေးခြင်း၊ ဂျန်ဒါ တန်းတူရေးကိုအားပေးမြှင့်တင်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲစင်္ကြံများတွင် လုပ်ပိုင်ခွင့် အခွင့်အရေးများအား အကာ အကွယ်ပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသည်။

တာဝန်သိစိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု (RAI) လုပ်ငန်းစဉ်အောက်တွင် MRLG စီမံကိန်း အဆင့် ၃ ၏ဦးစားပေး မှုများသည် အောက်ပါတို့ကို အလေးထားသည် – စာချုပ်ပါတာဝန်များကို ထိရောက်အားကောင်းစေခြင်းနှင့် အနာ ဂတ်တွင်ထွက်ပေါ်လာမည့် ကန်ထရိုက်လယ်ယာမြေဥပဒေ (Contract Farming Law)နှင့်အညီ (Public Private Partnership) မိတ်ဖက်ဆောင်ရွက်မှုကို (အများပြည် သူ၊ ပုဂ္ဂလိက၊ ထုတ်လုပ်သူ) အားပေးမြှင့်တင်ရန်ဖြစ်ပြီး တောင်သူများနှင့် လယ်ယာစီးပွားရေးကုမ္ပဏီများအကြား ပွင့်လင်းမြင်သာမှုနှင့် တရားဝင်သဘောတူစာချုပ်များ ရှိစေရန်ဖြစ်သည်။ စီမံကိန်းသည် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် စိုက်ပျိုးရေးသမဝါယမအဖွဲ့များပါဝင်သည့် မူဝါဒဆွေးနွေးပွဲများ နှင့် လူထုထံချပြဆွေးနွေးမှုများကို ပံ့ပိုးကူညီပြီး ကန်ထရိုက်လယ်ယာမြေဆိုင်ရာ ပဋိပက္ခဖြေရှင်းရေးနှင့် နစ်နာမှု တိုင်ကြားရေးလုပ်ငန်းစဉ်များအတွက် လမ်းညွှန်များဖော်ဆောင်ပေးလျက်ရှိသည်။ ထို့အပြင်စီမံကိန်းသည် ကန်ထရိုက် လယ်ယာမြေစနစ်ကိုထိရောက်စွာစီမံခန့်ခွဲနိုင်ရန်နှင့် ပဋိပက္ခများကြိုတင်ကာကွယ်နိုင်ရန် အမျိုးသမီးခေါင်းဆောင် များအပါအဝင် စိုက်ပျိုးရေးသမဝါယမအဖွဲ့များနှင့်လယ်ယာစီးပွားရေးပုဂ္ဂလိက ကုမ္ပဏီများအတွက် စွမ်းဆောင် ရည်မြှင့်တင်ပေးမှုကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။

[Partner Icons]

[Partner Icons]

[Country Thumbnails]

Scroll to Top