Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

တာဝန်ယူမှုရှိသော စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှု (RAI)

MRLG ၏ RAI လုပ်ငန်းစဉ်သည် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍတွင်တာဝန်သိရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အာဆီယံလမ်းညွှန် ASEAN Guidelines on Promoting Responsible Investment in Food, Agriculture and Forestry (ASEAN-RAI) ကိုအခြေပြု၍ မဲခေါင်မြစ်ဝှမ်းဒေသတွင် ရေရှည်တည်တံ့သော တာဝန်သိ စိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဖြစ်ပေါ်လာရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိ သည်။ RAI လုပ်ငန်းစဉ်သည် မဲခေါင်မြစ်ဝှမ်းဒေသဆိုင်ရာအဆင့်နှင့်ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်၌ တစ်နိုင်ငံချင်းအဆင့်တွင် လည်ပတ်လျက်ရှိပြီး အစိုးရ အေဂျင်စီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍမှသက်ဆိုင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်သည်။ တစ်နိုင်ငံလုံးအဆင့်တွင် RAI လုပ်ငန်းစဉ်အောက်ရှိ ဆောင်ရွက်ချက်များသည် နိုင်ငံအလိုက် ဦးစားပေးမှုများနှင့် အညီဖြစ်ပြီး ၎င်းတို့တွင် မူဝါဒဆွေးနွေးပွဲများကိုပံ့ပိုးကူညီပေးခြင်း၊ မြေအခြေပြုရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သုတေသနပြုခြင်းနှင့် လုပ်ကွက်ငယ်တောင်သူများ နှင့်ဌာနေတိုင်းရင်းသားများ ၏အခွင့်အရေးများကိုအကာအကွယ်ပေးသော၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များကို မြှင့်တင်ပေးသော ဥပဒေပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာရေးကို အားပေး ထောက်ခံခြင်း စသည်တို့ပါဝင်သည်။ RAI မဲခေါင်မြစ်ဝှမ်းဒေသတွင် MRLG သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်း မဟာမိတ်ဖွဲ့စည်းမှုများအကြား ၎င်းတို့ ASEAN-RAI အကောင်အထည်ဖော်မှုအတွေ့အကြုံများနှင့် အခြားသော ဆင်တူသည့်မူဝါဒဆိုင်ရာရွေးချယ်စရာများ (အထူးသဖြင့် ကန်ထရိုက်လယ်ယာမြေစနစ် နှင့် သမဝါယမအစီအစဉ်များ cooperatives) ကိုအခြေပြု၍ အသိပညာနှီးနှောဖလှယ်ခြင်းနှင့် စုပေါင်းဆောင်ရွက် ချက်များပြုလုပ်နိုင်ရန် ပလက်ဖောင်း တစ်ရပ်ကို ပံ့ပိုးကူညီပေးလျက်သည်။ ထို့အပြင် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများတွင် ရာဘာသည် ပမာဏများပြားစွာပါဝင်နေမှုကြောင့်(rubber sector) ရာဘာကဏ္ဍတွင်လည်း ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပိုမိုရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာ အောင်ပံ့ပိုးကူညီရန် မဲခေါင်မြစ်ဝှမ်းဒေသ ဆိုင်ရာအဆင့်တွင်လည်း စီမံကိန်းဆိုင်ရာမဟာမိတ်ဖွဲ့စည်းမှုကိုလည်း အလေးထားဆောင်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာလုပ်ပိုင်ခွင့်နှင့် စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် လူမှုရေးဆိုင်ရာသက်ရောက်မှုများအား ဆန်းစစ်ခြင်း၊ ရပိုင်ခွင့်များအားမြှင့်တင်ခြင်း၊ လုပ်ကွက်ငယ်တောင်သူများနှင့် ဌာနေတိုင်းရင်းသားများ၏ မြေယာလုပ်ပိုင်ခွင့်ခိုင်မာမှုရှိစေရန်၊ ရာသီဥတု ပြောင်းလဲမှုများနှင့် အညီ လိုက်လျောညီထွေဖြစ်စေရန်နှင့် နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးများအား လျော့ပါးသက်သာစေရန်နှင့် ဂျန်ဒါသာတူညီမျှ ဖြစ်ရေးတို့ကို အဓိက ထည့်သွင်းစဉ်းစားသည်။

ခေါင်မြစ်ဝှမ်းဒေသဆိုင်ရာအဆင့်နှင့် ပြည်တွင်းအဆင့်ကြိုးပမ်းမှုများကိုသဟဇာတဖြစ်စေခြင်းဖြင့် MRLG သည် အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ပြီး မဲခေါင်မြစ်ဝှမ်းဒေသတွင် တာဝန်သိစိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်၊ သာတူညီမျှမှုရှိသည့် ရလဒ်များထွက်ပေါ်လာစေရန် နှင့် မြေယာစီမံအုပ်ချုပ်မှုနှင့်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များ တိုးတက်လာစေရန် ဆောင်ရွက်လျက် ရှိသည် ။

Scroll to Top