Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

မိတ်ဖက်များ

MRLG သည် အစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အေဂျင်စီ များအပါအဝင် မိတ်ဖက်အမျိုးမျိုးနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ စီမံကိန်း၏ အဆင့် ၃ တွင်မူ မဲခေါင်မြစ်ဝှမ်း ဒေသအတွင်ရှိ မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ ဘက်စုံချဉ်းကပ်မှုတစ်ရပ် ဖြစ်ပေါ်အားကောင်း လာစေရေးအတွက် စီမံကိန်းမှ မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ မူဝါဒဆိုင်ရာဆွေးနွေးမှုများ၊ အထောက်အထားအခြေပြု ပြုပြင်ပြောင်းလဲမှုများ နှင့် စိန်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်မှု များဖြစ်ပေါ်လာရန် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စုပေါင်းကျွမ်းကျင်မှုနှင့် အရင်းအမြစ်များကိုအသုံးချခြင်းဖြင့် MRLG နှင့်၎င်း၏ မိတ်ဖက်များသည် မြေယာလုပ်ပိုင်ခွင့် အခွင့်အရေးများ လုံခြုံခိုင်မာမှုကိုမြှင့်တင်ရန်၊ တာဝန်သိရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအလေ့အကျင့်များကို အားပေးမြှင့်တင်ရန်နှင့် လုပ်ကွက်ငယ်တောင်သူများနှင့်ထိခိုက်လွယ်ရပ်ရွာလူထု များအတွက် အရင်းအမြစ်များကို သာတူညီမျှစွာရရှိနိုင်စေရန် ပေါင်းစည်းလုပ်ဆောင်လျက် ရှိသည်။ ၎င်းမိတ်ဖက် ဆောင်ရွက်မှုများမှတဆင့် MRLG သည် မဲခေါင်မြစ်ဝှမ်းဒေသတွင် အပြုသဘောဆောင်သည့်အပြောင်းအလဲ ဖော်ဆောင်ရန်နှင့် အားလုံးပူးပေါင်းပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီရန် ကတိကဝတ်ပြု ဆောင်ရွက်လျက်ရှိသည်။

ရန်ပုံငွေနှင့် ပံ့ပိုးကူညီရေးအေဂျင်စီများ

အေဂျင်စီများ အကောင်အထည်ဖော်ခြင်း။

ဖက်

Scroll to Top