Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

မြန်မာ

MRLG သည် မြန်မာနိုင်ငံတွင် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်အသိအမှတ်ပြုရေးကို ၂၀၁၈ ခုနှစ်မှစတင်၍ မဟာမိတ် ဖွဲ့စည်းမှုမှ တဆင့် ပံ့ပိုးကူညီခဲ့သည်။ သစ်တောဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အများပြည်သူထံချပြ ဆွေးနွေးမှုများကို ပံ့ပိုးကူညီခြင်း၊ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီထံတင်ပြလာသည့် တိုင်ကြားမှုများအား အဆင့်ဆင့်ကိုင်တွယ်ဖြေရှင်းရန် လမ်းညွှန်များကို ပူးတွဲထုတ်ပြန်ခြင်း၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေဆိုင်ရာ အွန်လိုင်းနှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းနှင့် အမျိုးသားမြေဥပဒေမူကြမ်းရေးဆွဲ ပြုစုနိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ စီမံကိန်း သည် အခြားသောဆောင်ရွက်ချက်များစွာ ကိုလည်းပြုလုပ်ခဲ့ပြီး ဥပမာအားဖြင့် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်မှတ်တမ်း တင်ခြင်း၊ ဓလေ့ထုံးတမ်းနည်း စနစ်များအားဆန်းစစ်သုံးသပ်ခြင်းနှင့် နိုင်ငံတကာအတွေ့အကြုံများကိုအခြေပြု၍ မြန်မာနိုင်ငံတွင် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့် အသိအမှတ်ပြုရေးဆိုင်ရာ မူဝါဒရွေးချယ်စရာများကို ဖော်ထုတ်တင်ပြနိုင်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင်နိုင်ငံရေးအရစိန်ခေါ်မှုများဖြစ်ပေါ်နေသော်လည်း စီမံကိန်းသည် မဟာမိတ်စုဖွဲ့မှု၏ မြေယာကဏ္ဍတွင်စဉ်ဆက်မပြတ်ပါဝင်နေမှုကို ကူညီပံ့ပိုးပေးလျက်ရှိပြီး စီမံကိန်းအနေဖြင့် ပြည်တွင်းအခြေအနေ မှန်များ၊ မျှော်မှန်းချက်များနှင့် နှင့်လိုက်လျောညီထွေရှိရန်နှင့် သဘာဝသယံဇာတရင်းမြစ်များအား စုပေါင်းစီမံခန့်ခွဲ မှုကိုမြှင့်တင်ပေးနိုင်ရန်ဖြစ်သည်။

MRLG စီမံကိန်း အဆင့် ၃ သည် အရပ်ဘက်အဖွဲ့အစည်းများနှင့်ဒေသခံလူထု – အထူးသဖြင့် တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား ရပ်ရွာလူထုများအား စွမ်းဆောင်ရည်တည်ဆောက်ပေးရန်ရည်ရွယ်ပြီး မတူညီသည့် အင်စတီ ကျုးရှင်းဆိုင်ရာအခြေအနေများတွင် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်အသိအမှတ်ပြုမှုကို အားပေးကူညီရန်၊ မြေယာနှင့် အရင်းအမြစ်ဆိုင်ရာဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်များကို မြှင့်တင်ကာကွယ်ပေးရန်ဖြစ်သည်။ ဤအဆင့်တွင် အဓိက ရလဒ် ၃ ခုရှိပါသည် – ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် သက်ဆိုင် ပါဝင်သူများအား စွမ်းဆောင်ရည်တည်ဆောက်ပေးခြင်း၊ ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်လုံခြုံခိုင်မာရေးနှင့် သဘာဝ သယံဇာတအခွင့်အရေးဆိုင်ရာခြိမ်းခြောက်မှုများနှင့်သက်ဆိုင်သည့် ခိုင်မာသောသတင်းအချက်အလက်များကို စုစည်း မျှဝေပေးခြင်း၊ ဒေသခံရပ်ရွာလူထုများ ပိုမိုခံနိုင်ရည်ရှိလာပြီး အသက်မွေးဝမ်းကျောင်းအခွင့်အရေးများ ပိုမို ရရှိရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်နှင့်သဘာဝသယံဇာတစီမံခန့်ခွဲမှု ဆိုင်ရာ ၎င်းတို့၏အလေ့အကျင့်များဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်သည်။

စီမံကိန်း မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးအခြေအနေများကိုသိနားလည်ပြီး လိုက်လျောညီထွေရှိရန်လိုအပ်မှုကို အသိအမှတ်ပြုပါသည်။ စီမံကိန်း မြေယာလုပ်ပိုင်ခွင့်လုံခြုံခိုင်မာရေးကိစ္စရပ်များနှင့် သဘာဝသယံဇာတစီမံ ခန့်ခွဲမှုဆိုင်ရာ ချိတ်ဆက်မှုများ၊နှီးနှောဖလှယ်မှုများအတွက် ရပ်ဝန်းတစ်ခုဆက်လက်တည်ရှိနေရန်၊ စကားဝိုင်း ဆွေးနွေးမှုနှင့်လေ့လာသင်ယူမှုအတွက် လုံခြုံစိတ်ချရသည့် ရပ်ဝန်းများဖန်တီးရန်၊ အထောက်အထားအခြေပြု မူဝါဒဆန်းစစ်သုံးသပ်မှုကို ဖြန့်ဝေရန်နှင့် ဒေသအဆင့်နှင့်နိုင်ငံတကာပလက်ဖောင်းများဖြင့် မဟာမိတ်စုဖွဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းသည် လုပ်ကွက်ငယ် ဒေသခံတောင်သူလယ်သမားများနှင့် ဌာနေတိုင်းရင်းသားများအတွက်ရည်ရွယ်၍ ဂျန်ဒါအခန်းကဏ္ဍများကို အလေးထားအသိအမှတ်ပြုပြီး ပိုမိုသိရှိနားလည်စေရန် သုတေသနနှင့်မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်များကိုအမျိုးသမီးပါဝင်မှုများကိုအားပေးမြှင့်တင်လျက်ရှိသည်။

စိန်ခေါ်မှုအခက်အခဲများစွာရှိနေသော်လည်း မဟာမိတ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမြေယာစီမံအုပ်ချုပ်မှုနှင့် သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင် အပြုသဘောဆောင်သည့်အပြောင်းအလဲဖြစ်ပေါ်လာရေးကို တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

[Partner Icons]

[Country Thumbnails]

Scroll to Top