ကဏ္ဍပေါင်းစုံတွင်ထည့်သွင်းဆောင်ရွက်သည့်အကြောင်းအရာများ

စီမံကိန်းအဆင့် ၃တွင် MRLG သည် အကြောင်းအရာ ၂ ခုကို ကဏ္ဍပေါင်းစုံတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိသည်။၎င်းတို့မှာ“ဂျန်ဒါရေးရာပြုပြင်ပြောင်းလဲမှုအသွင်ဆောင်သည့်မြေယာစီမံအုပ်ချုပ်မှု” နှင့် “ရာသီဥတုပြောင်းလဲမှုနှင့် လုပ်ပိုင်ခွင့် လုံခြုံခိုင်မာရေး” တို့ဖြစ်ပါသည်။ ဂျန်ဒါတန်းတူညီမျှမှု မရှိခြင်းတို့ကို ဖြေရှင်း ဆောင်ရွက်ရန်အတွက် မြေယာစီမံအုပ်ချုပ်မှုကဏ္ဍများတွင် ဂျန်ဒါရှုထောင့်ကိုဘက်ပေါင်းစုံမှထည့်သွင်းစဉ်းစားကာ အလေးထားမြှင့်တင်ပေးလျက်ရှိသည်။ အကြောင်းမှာမူ မြေယာလုပ်ပိုင်ခွင့်တွင် ထို့အပြင် ရာသီဥတုပြောင်းလဲမှုနှင့် မြေယာလုပ်ပိုင်ခွင့် တို့တွင် ဒေသခံလူထုအနေဖြင့် မြေယာလုပ်ပိုင်ခွင့် လုံခြုံခိုင်မာရန် ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆိုးကျိုးလျော့ပါးသက်သာစေရန်နှင့် လိုက်လျောညီထွေ ဖြစ်စေမှုတို့ကိုလည်းအလေးထား ဆောင်ရွက်လျက် ရှိသည်။ ဤသို့ဖြင့် MRLG စီမံကိန်းသည် နိုင်ငံအသီးသီးတွင် ရှုပ်ထွေးလှသည့်စိန်ခေါ်မှု အခြေအနေများအရပ်ရပ်တွင် ဒေသဆိုင်ရာလူထူအား စွမ်းဆောင်ရည် မြှင့်တင်ပေးလျက်ရှိပီး သာတူညီမျှမှုရှိသည့် မြေယာစီမံအုပ်ချုပ်မှုတစ်ရပ်ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Scroll to Top