Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

ဗီယက်နမ်

ဗီယက်နမ်တွင် MRLG စီမံကိန်း သည် မြေယာလုပ်ပိုင်ခွင့်လုံခြုံခိုင်မာရေး၊ မြေယာအခွင့်အရေးများသာတူညီမျှစွာ ရရှိရေးနှင့် မြေယာစီမံအုပ်ချုပ်မှုတိုးတက်စေရေးအတွက် ပေါင်းစပ်လုပ်ငန်းစဉ်ချဉ်းကပ်မှုကို ကျင့်သုံး လျက်ရှိပါသည်။ စီမံကိန်း သည် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့် (CT) နှင့် တာဝန်သိစိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု (RAI) အကြောင်းအရာများကိုပေါင်းစည်းထားပြီး အတိတ်ကာလ အောင်မြင်မှုများအပေါ်အခြေပြု၍ အဆင့်အလိုက်သွားသည့်နည်းဗျူဟာဖြင့် ရေရှည်တည်တံပီး၊ သက်ရောက်မှုရှိရန်အတွက် အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါ သည်။ စီမံကိန်း အဆင့် ၃ သည်မြေယာဥပဒေ ပြန်လည်သုံးသပ်ခြင်းနှင့်အကောင်အထည်ဖော်ခြင်းကိုပံ့ပိုးကူညီရန် အလေးထားပြီး အထူးသဖြင့် စိုက်ပျိုးမြေစုစည်းခြင်း (agriculture land accumulation and concentration- ALAC)၊ မြေသိမ်းဆည်းခြင်း၊ နစ်နာမှုကုစားပေးခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် ပြန်လည်နေရာ ချထားခြင်း (land acquisition, compensation,support,and resettlement- LACSR)တို့ကိုအာရုံစိုက်ပြီး မြေယာဥပဒေနှင့်သစ်တောဥပဒေ သဟဇာတဖြစ်ရေးကိုလည်း အလေး ထားဆောင်ရွက်သည်။

ဗီယက်နမ်ရှိ MRLG မိတ်ဖက်ကွန်ရက်သည် စီမံကိန်းရည်မှန်းချက်များအောင်မြင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ရေရှည်တည်တံ့သည့်မြေယာစီမံအုပ်ချုပ်မှုအတွက် အားလုံးပူးပေါင်းပါဝင်ပြီး အထောက်အကူ ပြု ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာရန်အလေးထားလျက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည့်ကွန်ရက်သည်- အထူးသဖြင့် ထိခိုက်လွယ်လူအုပ်စုများဖြစ်သည့် လုပ်ကွက်ငယ်တောင်သူများ၊ တိုင်းရင်းသားလူနည်းစုများနှင့် အမျိုးသမီးများအတွက် လုပ်ပိုင်ခွင့်ခိုင်မာရေးနှင့် မြေယာအခွင့်အရေးများ သာတူညီမျှစွာရရှိနိုင်ရေး လုပ်ဆောင်လျက်ရှိ ပါသည်။ ကွန်ရက်သည် မြေယာဦးစီးဌာန၊ သစ်တောကာကွယ်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်သည်။ ၂၀၁၃ ခုနှစ်မြေယာဥပဒေပြန်လည်သုံးသပ်ခြင်းတွင် ကူညီပံ့ပိုးပေးခဲ့ပြီး (ယခု ၂၀၂၄ ခုနှစ်တွင် စီမံကိန်း၏ပံ့ပိုးမှုဖြင့် ဥပဒေထုတ်ပြန်ပြီးဖြစ်သည်) ညွှန်ကြားချက်/အမိန့် ၁၅၆ (၂၀၁၈ သစ်တောဥပဒေဆိုင်ရာ လမ်းညွှန်အမိန့်) ပြင်ဆင်မွမ်းမံခြင်းနှင့် အခြားသော မြေယာ/သစ်တောနှင့်သက်ဆိုင်သည့် မူဝါဒများ မွမ်းမံ ပြင်ဆင်ရေးတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

လုပ်ငန်းလည်ပတ်မှုအဆင့်တွင် ကွန်ရက်သည် အရေးပါသည့်သက်ဆိုင်သူများ၏စွမ်းဆောင်ရည်တည်ဆောက် ခြင်းကိုအဓိကအာရုံစိုက်သည်။ တက်ကြွစွာအသိပညာပေးခြင်းနှင့် တိုးတက်မှုကိုစေ့စေ့စပ်စပ်စောင့်ကြည့်ခြင်းဖြင့် ကွန်ရက်သည် မြေယာဆိုင်ရာဥပဒေများနှင့်မူဝါဒများကို ထိရောက်စွာအကောင်အထည်ဖော်ခြင်း၊ ပြုပြင်ပြောင်း လဲရေးအသွင်ဆန်သောမူဝါဒဆိုင်ရာဆွေးနွေးမှုများကိုတွန်းအားပေးခြင်းနှင့် မြေယာစီမံအုပ်ချုပ်မှုမူဘောင်အတွင်း ဂျန်ဒါထည့်သွင်းဆောင်ရွက်ခြင်းတို့ကို ပံ့ပိုးကူညီပေးသည်။ သုံးနှစ်တာအကောင်အထည်ဖော်ရေးနည်းဗျူဟာဖြင့် ကွန်ရက်သည် ၎င်းကြိုးပမ်းအားထုတ်မှုများ၏ ရေရှည်တည်တံ့မှုသေချာစေရန်နှင့် အကောင်းဆုံးအလေ့အကျင့် များကိုဖမ်းဆုပ်နိုင်ရန် လုံ့လစိုက်ကြိုးပမ်းလျက်ရှိပြီး တပြိုင်နက်တည်းတွင် ဗီယက်နမ်၌ MRLG ပရိုဂရမ် အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက်လည်း ပြင်ဆင်လျက်ရှိပါသည်။

အနှစ်ချုပ်အားဖြင့်ဆိုရပါလျှင် ပေါင်းစပ်လုပ်ငန်းစဉ်ချဉ်းကပ်မှုဖြင့် ဗီယက်နမ် MRLG စီမံကိန်း သည် ပိုမိုခိုင်မာ၍ သာတူညီမျှမှုရှိသော မြေယာလုပ်ပိုင်ခွင့်စနစ်တစ်ရပ်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပြီး မြေယာစီမံအုပ်ချုပ်မှု ဆိုင်ရာအလေ့အကျင့်များကိုလည်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။ ရည်မှန်းချက်များပေါက်မြောက် အောင်မြင်ရန်ကြိုးပမ်းမှုတွင် MRLG ဗီယက်နမ်ကွန်ရက်သည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီး အားလုံး အကျုံး ဝင်သည့်ပတ်ဝန်းကျင်တစ်ရပ်တည်ထောင်ရန် နှင့် မြေယာနှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင် ထိခိုက်လွယ် လူ အုပ်စုများ၏အကျိုးစီးပွားအတွက်လည်း နှိုးဆော်တိုက်တွန်းရန် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

[Partner Icons]

[Country Thumbnails]

Scroll to Top