Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

နိုင်ငံများ

MRLG သည် ၂၀၁၄ ခုနှစ်ကပင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများရှိ လုပ်ကွက်ငယ်တောင်သူ များ နှင့်ဌာနေတိုင်းရင်းသားများ၏ မြေယာလုပ်ပိုင်ခွင့်အခွင့်အရေးများ တိုးတက်ခိုင်မာလာစေရန် ထဲထဲဝင်ဝင်ဆောင်ရွက် လာခဲ့သည်။ စီမံကိန်း အဆင့် ၁ နှင့် ၂ တွင် မတူကွဲပြားသည့်မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် မိတ်ဖက်ဆောင်ရွက် မှုများကို အဓိကဆောင်ရွက်ခဲ့သည်။ စီမံကိန်း၏ အဆင့် ၃ တွင်မူ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်သူများ/အဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမှတဆင့် မူဝါဒအကောင်အထည်ဖော်မှုနှင့် အိမ်ထောင်စုအဆင့် သက် ရောက်မှုများကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းသည် လုပ်ကွက်ငယ်တောင်သူအမျိုးသမီးများနှင့်အမျိုးသားများအတွက် မြေယာအခွင့်အရေးများ သာတူညီမျှရရှိနိုင်စေရန်ရည်ရွယ်ပြီး ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့် အသိအမှတ်ပြုခြင်းနှင့် တာဝန်သိစိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုကို အဓိကအချက်အခြာအဖြစ် ထားရှိသည်။ အကြောင်းအရာနယ်ပယ်အားလုံးတွင် ရာသီဥတုပြောင်းလဲမှုနှင့် ဂျန်ဒါရေးရာစဉ်းစားချက်များကို ပေါင်းစည်း ထည့်သွင်းထားပြီး ရေရှည်တည်တံ့၍ အားလုံးအတူတကွပူးပေါင်းပါဝင်နိုင်သည့် မြေယာစီမံအုပ်ချုပ်မှုဆီသို့ ချဉ်းကပ် ဆောင်ရွက်မှုကို မြှင့်တင်ပေးလျက်ရှိသည်။ MRLG ၏စီမံကိန်းအကောင်အထည်ဖော်ရေးရုံး (PIU) သည် လာအိုနိုင်ငံမှနေ၍ ကြိုးပမ်းမှုများကို ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်တို့တွင်ထားရှိသောရုံးခွဲများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Cambodia

The Mekong Region Land Governance (MRLG) project in Cambodia focuses

Laos

The Mekong Region Land Governance Project (MRLG) in Laos aims

Myanmar

In Myanmar, the MRLG project has supported the recognition of

Vietnam

In Vietnam, the Mekong Region Land Governance (MRLG) program adopts

Scroll to Top