Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

ဓလေ့ထုံးတမ်းလုပ်ပိုင်ခွ

စီမံကိန်း အဆင့် ၃ တွင် MRLG သည် မဲခေါင်မြစ်ဝှမ်းဒေသရှိ ဒေသခံရပ်ရွာလူထုများနှင့် လုပ်ကွက်ငယ်တောင်သူ များအတွက် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်အသိအမှတ်ပြုရေးနှင့်အကာအကွယ်ပေးရေးကို ဦးစားပေးအဖြစ် ဆက် လက်ထားရှိသည်။ MRLGသည် မဲခေါင်မြစ်ဝှမ်းဒေသအဆင့်တွင်သာမကပြည်တွင်း၊နိုင်ငံအဆင့်အသီးသီးတွင် အဓိက သက်ဆိုင်ပါဝင်သူများ (အစိုးရဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင်)နှင့်အတူတကွ လုပ်ဆောင်ပြီး သုတေသနပြုရန်၊ နှိုးဆော်တိုက်တွန်းရန်နှင့် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်ဆိုင်ရာ အာဆီယံလမ်းညွှန်မှုကိုအကောင်အထည်ဖော်ရန်အတွက် ဒေသအဆင့် မဟာမိတ်ဖွဲ့စည်းမှု(Regional Customary Tenure Alliance – RCA) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တစ်နိုင်ငံချင်းအဆင့်တွင် MRLG သည် ဆောင်ရွက်ချက်များကို နိုင်ငံအလိုက် ဒေသခံလူထုကြုံတွေ့ရသည့်စိန်ခေါ်မှုများ၊ ဦးစားပေးမှုများနှင့်အညီ ဖြစ်စေရန် လုပ်ဆောင်လျက်ရှိပါသည်။ ၎င်းတို့တွင် သုတေသနပြုခြင်း၊ ဥပဒေနှင့်မူဝါဒပြုပြင်ပြောင်းလဲရေးအတွက် အားပေးကူညီခြင်းနှင့် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်အသိအမှတ်ပြုရေးအတွက် လက်တွေ့ကျသည့် နည်းလမ်းများကို ဖော်ထုတ်ခြင်းတို့ပါဝင်သည်။ အစီအစဉ်အားလုံးတွင် ဂျန်ဒါ သာတူညီမျှမှုရှိရေးနှင့် ရပ်ရွာလူထုနှင့် ချိတ်ဆက်ခြင်းသည် အဓိက နေရာမှ ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိ သည်။ ကမ္ဘောဒီးယားတွင် MRLG သည် သဘာဝထိန်းသိမ်းရေးနယ်မြေဥပဒေများ ပြန်လည်သုံးသပ်ခြင်းကိုလည်းကောင်း၊ လာအိုတွင် သစ်တောလုပ်ပိုင်ခွင့်တရားဝင်သတ်မှတ်ရေးဆီသို့လည်း ကောင်း ဦးတည်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေသော် လည်း MRLG သည် ဌာနေတိုင်းရင်းသားများနှင့်လုပ်ကွက် ငယ်တောင်သူများ၊ ဒေသခံလူထု၏ မြေယာအခွင့်အရေးများနှင့် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်မှတ်တမ်း တင်ခြင်း၊ ဓလေ့ထုံးတမ်းနည်း စနစ်များအားဆန်းစစ်သုံးသပ်ခြင်း များကို ကူညီပံ့ပိုး လျက်ရှိသည်။ စီမံကိန်းအဆင့် ၃ တွင် သတ်မှတ်ဆောင်ရွက်ချက်များမှတဆင့် MRLG သည် မဲခေါင်မြစ်ဝှမ်းဒေသ ရှိ လုပ်ကွက်ငယ်တောင်သူများ နှင့် ဒေသခံရပ်ရွာလူထု၏ မြေယာအခွင့်အရေးများလုံခြုံခိုင်မာရန် မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ သည် ။

Scroll to Top