Phase III of the Mekong Region Land Governance project closed in December 2025. This page will remain active for a limited time, but all publication materials and toolkits have been transferred to a permanent home on the Land Portal site here.

လာအို

လာအိုနိုင်ငံရှိ MRLG စီမံကိန်းသည် နိုင်ငံပိုင်သစ်တောနယ်မြေများတွင် ၂၀၂၅ ခုနှစ်နောက်ဆုံးထားပြီး မြေယာ လုပ်ပိုင်ခွင့်တရားဝင်သတ်မှတ်နိုင်ရေးအတွက် နည်းလမ်းများဖော်ထုတ်ရန် ရည်ရွယ်သည်။ အဆိုပါမြေများသည် ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်အောက်တွင်ကျရောက်နေပြီး ကျူးကျော်ခံရမှုနှင့်ဆုံးရှုံးနိုင်ခြေများ ဆက်လက်တည်ရှိနေ သည်။ ရာသီဥတုဖောက်ပြန်မှုသည်လည်း ၎င်းအခြေအနေကို ပိုမိုဆိုးရွားလာစေပြီး ရပ်ရွာလူထုအား စိုက်ပျိုးရေးလည်း မအောင်မြင်သည့်အပြင်၊ စီးပွားရေးအရလည်းတန်ဖိုးမရှိသည့်မြေများအဖြစ်သို့တွန်းပို့ကာ သစ်တောဆိုင်ရာလုပ်ပိုင်ခွင့် အခွင့်အရေးများကို ခြိမ်းခြောက်လျက်ရှိသည်။ စီမံကိန်း အဆင့် ၃ သည် အများပါဝင်သည့်သစ်တောမြေအသုံးချမှု အစီအစဉ်နှင့် မြေယာလုပ်ပိုင်ခွင့်အသိအမှတ်ပြုခြင်းဆိုင်ရာ သက်ဆိုင်ရာနည်းဥပဒေများနှင့်လုပ်ထုံးလုပ်နည်း ဆိုင်ရာလမ်းညွှန်များမှတစ်ဆင့် မြေယာနှင့်သစ်တော အခွင့်အရေးများ လုံခြုံခိုင်မာလာစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။

MRLG ၏ချဉ်းကပ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည့်အချက်ဖြစ်ပြီး ဓလေ့ထုံးတမ်းလုပ်ပိုင်ခွင့်များ အသိအမှတ်ပြုမှုကို သစ်တောကဏ္ဍ၏ ဥပဒေ၊နည်းဥပဒေ၊ မူဝါဒ၊လမ်းညွှန် စသည်တို့တွင်ထည့်သွင်းပြဋ္ဌာန်း အကောင်အထည်ဖော်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် အစိုးရမဟုတ်သည့်သက်ဆိုင်ပါဝင်သူများအား အတူတကွပါဝင်စေခြင်းဖြစ်သည်။ စီမံကိန်းသည် လုပ်ကွက်ငယ်တောင်သူများ၊ အမျိုးသမီးများနှင့် တိုင်းရင်းသား လူနည်းစုများအပါအဝင် ထိခိုက်လွယ်လူအုပ်စုများ၏ မြေယာအခွင့်အရေးများအကာအကွယ်ပေးရေးကို ဦးစားပေး ဆောင်ရွက်သည်။ စီမံကိန်းအကောင်အထည်ဖော်မှုတွင် ဂျန်ဒါရေးရာစဉ်းစားချက်များကို ပေါင်းစည်းထည့်သွင်း ထားသည်။

လာအိုနိုင်ငံရှိ MRLG ဓလေ့ထုံးတမ်းမဟာမိတ်ဖွဲ့စည်းမှုသည် အစိုးရနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး မြေယာစီမံအုပ်ချုပ်မှုနှင့်လုပ်ပိုင်ခွင့်လုံခြုံခိုင်မာမှုတိုးတက်စေရန်ဖြစ်ကာ အထူးသဖြင့် ထိခိုက်လွယ်လူအုပ်စုများဖြစ်သည့် လုပ်ကွက်ငယ်တောင်သူများ၊ အမျိုးသမီးများနှင့် တိုင်းရင်းသား လူနည်းစုများအတွက် ဓလေ့ထုံးတမ်းမြေယာလုပ်ပိုင်ခွင့်အကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒအပြောင်းအလဲများ ဖြစ်ပေါ်ရန် တိုက်တွန်းနှိုးဆော်သည်။ မဟာမိတ်အစုအဖွဲ့သည် မြေယာနှင့်သစ်တောအရင်းအမြစ်များကို သာတူ ညီမျှစွာရရှိနိုင်ရေးလုပ်ဆောင်ပြီး မူဝါဒဆွေးနွေးမှုများနှင့်အကောင်အထည်ဖော်မှုပိုင်းတွင် အရပ်ဘက်အဖွဲ့အစည်း များကို ပါဝင်စေသည်။

တာဝန်သိစိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု (RAI) လုပ်ငန်းစဉ်အောက်တွင် လာအိုဝန်ကြီးဌာနများအကြား RAI လုပ်ငန်းဆောင်ရွက်မှုအဖွဲ့ဖွဲ့စည်းကာ ထဲထဲဝင်ဝင်ဆောင်ရွက်လျက်ရှိပြီး လယ်ယာစီးပွားရေး စည်းကြပ်မှုပိုင်း ဆိုင်ရာ အရေးကြီး ဦးစီးဌာနများပါဝင်သကဲ့သို့ လာအို RAI ကဏ္ဍတွင်တက်ကြွလှုပ်ရှားသူ အရပ်ဘက် အဖွဲ့ အစည်းများနှင့် သုတေသနအဖွဲ့အစည်းများကလည်း ထပ်လောင်းအားဖြည့်ပါဝင်လျက်ရှိသည်။ စီမံကိန်းသည် လာအိုရှိ ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ကွက်ငယ်တောင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတောင်းမွန်စေရန် ထိန်းကျောင်းပေးသည့် မူဝါဒများအပေါ်အလေးပေးပြီး အထူးသဖြင့် မြေယာလုပ်ပိုင်ခွင့်ချထားပေးမှုများ၊ မြေငှားခြင်းနှင့် ကန်ထရိုက် လယ်ယာမြေကိစ္စ မျိုးများ တွင် ဖြစ်ပါသည်။ စီမံကိန်းအဆင့် ၃ တွင် MRLGသည် ဝန်ကြီးချုပ်မှ ကန်ထရိုက် လယ်ယာမြေဆိုင်ရာ ညွှန်ကြားချက်အသစ်တစ်ရပ် ထွက်ပေါ်လာရေးနှင့် ရင်းနှီးမြုပ်နှံမှုဖွံ့ဖြိုး တိုးတက်ရေးဥပဒေ ပြန်လည်သုံးသပ်ခြင်းကို ပံ့ပိုးကူညီလျက်ရှိသည်။ ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့်စိုက်ပျိုးရေး ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ နှင့်ကု န်စည်သီးနှံများတိုးချဲ့မှု အခြေအနေတစ်ရပ်တွင် လုပ်ကွက်ငယ်တောင်သူများ၏ မြေယာအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပိုမိုအကာအကွယ်ပေးနိုင်ရန် မြေယာလုပ်ပိုင်ခွင့် ချထားပေးခြင်းနှင့် မြေအငှားချပေးခြင်းများအား ထိန်းကျောင်း စည်းကြပ်ခြင်းဆိုင်ရာ ဝန်ကြီးဌာနညွှန်ကြားချက်ကို ပြင်ဆင်မွမ်းမံရေးကိုလည်း အားပေးကူညီလျက်ရှိသည်။

[Partner Icons]

[Country Thumbnails]

Scroll to Top